Saturday, August 25, 2012

ပန်းချီ ~~~~~

ပန်းချီ (သို့မဟုတ်) စာသားမဲ့ ကဗျာ

ဆိတ်ငြိမ်အေးချမ်းတဲ့ စိတ်ကူးထဲက မြို့ကလေး

လိပ်ပြာ (သို့မဟုတ်) ကဗျာဆရာ (သို့မဟုတ်) နှလုံးသားဝတ်မှုန်ကူးသူ


မဆုံးတဲ့သံသရာ



ဘ၀ကနက်ဆင်းသွားတဲ့အခါ
အေ၇ာင် မပြယ်လွင့်လိုက်နဲ့
မြစ်ကိုယ်တိုင် နစ်တက်တဲ့ သဘောရှိတယ်
ကြာဖြူ ...ညီမလေး
လူအဖြစ်ရခြင်းမှာ
သစ်တစ်ပင်တော့ ရှင်အောင် စိုက်။    ။
                                         “


သစ်မင်းအိမ်

အမေ





















စိတ်ကူးထဲ လသာတုန်းက
မေမေ့ရဲ့အပြုံးတွေ ကြယ်ပွင့်တွေနဲ့အပြိုင် သားရဲ့ကောင်းကင်မှာ လင်းလို့.....
မေမေ့ကောင်းကင်က သားအတွက် အလုံခြုံဆုံးပဲ
မေမေအမျှော်လင့်ဆုံးရာသီက ကျွန်တော်များလား...
ဘ၀မှာ ခွန်အားအ၇ှိဆုံးစကားဟာ အမေပါ။
လျှောက်ခဲ့သမျှ လမ်းတွေပြန်တွေးတိုင်း
မေမေ့၇င်ငွေ့အနွေးဓာတ် အခုထိ ၇တုန်း။
ဘယ်ကောင်းကင်မှ မေမေ့အပြုံးလောက် ကြယ်မစုံဘူး။
ကျွန်တော်တို့ဟာ အမေဆိုတဲ့ ကမ်းပါး၇ှိမှ ပင်လယ်ဆီေ၇ာက်မယ့် မြစ်တစ်စင်းပါ။
ဖောက်လွဲဖောက်ပြန်များတဲ့ကမ္ဘာ၇ဲ့ မိုးလေ၀သမှန်တဲ့ မေမေ့၇င်ခွင်မှာ
စိမ်းလန်းခွင့်၇တဲ့အတွက်
ကျေးဇူးတင်ပါတယ် မေမေ။
ကျွန်တော်ေ၇းနေတဲ့ကဗျာထက်  အမေက ပိုပြီးခမ်းနားတယ်
မေမေ့မျက်ဝန်းမှာ ကျွန်တော်တို့ အနာဂတ်တွေ အမြဲထင်းလို့.....
အဲဒီအတွက် အသက်ဆက်နေတဲ့ မေမေဟာ
သံသ၇ာမှာ ဘယ်တော့မှ၇ိုးမသွားတဲ့
(ကျွန်တော်တို့ သီကျူးပူဇော်၇မယ့်) တေးသွားတစ်စပါ....မေမေ။  ။
                                                                 သစ်မင်းအိမ်